အပင်တွေမှာ ကျရောက်တတ်တဲ့ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ

(၁) မှိုကြောင့် ဖြစ်သော အပင်ရောဂါ
(၂) ဘက်တီးရီးယားကြောင့် ဖြစ်သော အပင်ရောဂါ
(၃) ဗိုင်းရပ်(စ်)ကြောင့် ဖြစ်သော အပင်ရောဂါနှင့်
(၄) နီမတုတ်ကြောင့် ဖြစ်သော အပင်ရောဂါဟူ၍ ဖြစ်ပါသည်။
(၂) ဘက်တီးရီးယားကြောင့် ဖြစ်သော အပင်ရောဂါ
(၃) ဗိုင်းရပ်(စ်)ကြောင့် ဖြစ်သော အပင်ရောဂါနှင့်
(၄) နီမတုတ်ကြောင့် ဖြစ်သော အပင်ရောဂါဟူ၍ ဖြစ်ပါသည်။
ဘက်တီးရီးယားရောဂါ ဖြစ်နေသည့် အပင်ကလေးများကို မှိုဆေးဖြင့် ပက်ဖြန်းကာကွယ်နေမည်ဆိုပါကအနာတခြား ဆေးတခြားဖြစ်၍ ဆေးဖိုးသာကုန်ပြီး ရောဂါကို ကာကွယ်နှိမ်နင်းနိုင်မည် မဟုတ်ပါ။ ထို့အတူ မှိုကြောင့်ရောဂါဖြစ်နေသည့် အပင်ကလေးများကိုလည်း ဘက်တီးရီးယားဆေးများဖြင့် ပက်ဖြန်းနှိမ်နင်းပေးက ထိရောက်မှုရှိမည်မဟုတ်ပါ။ ဗိုင်းရပ်(စ်)ပိုးများကြောင့် အပင်များရောဂါဝင်နေပြီ ဆိုပါက ကုရာနတ္တိဆေးမရှိ ဖြစ်ရတတ်ပါသည်။ လူတွင် HIV ဗိုင်းရပ်(စ်)ပိုးကြောင့် ခုခံအားနဲရောဂါ (AIDS) ဖြစ်ပြီဆိုပါက ကုသရန် ခက်ခဲသကဲ့သို့ပင် ဗိုင်းရပ်(စ်)ရောဂါ ကျရောက်သည့် အပင်များမှာလည်း ကုရာနတ္တိ ဆေးမရှိဖြစ်သဖြင့် စိုက်ခင်းအတွင်းရှိ အခြားအပင် များသို့ ရောဂါထပ်မံ မကူးစက်နိုင်စေရန်နှင့် ရောဂါမပွားရန် အပင်များကို “နှုတ်ယူဖျက်ဆီး၊ မီးရှို့ပစ်ခြင်း”သာ အကောင်းဆုံး ဖြစ်ပါသည်။
ကုသရန် ခက်ခဲသော ဗိုင်းရပ်(စ်)ရောဂါများ အပင်များတွင် မဖြစ်ပွားနိုင်စေရန် အတွက် ကြိုတင်ကာကွယ်နိုင်ပါသည်။ ဗိုင်းရပ်(စ်)ရောဂါ ပိုးများသည် ရောဂါစဖြစ်သည့် အပင်တစ်ပင်မှ အခြားအပင်တစ်ပင်သို့ စုပ်စားပိုးများ၏ သယ်ယူပို့ဆောင်မှုဖြင့် ကူးစက်ပျံ့ပွားခြင်း ဖြစ်သည်။ စုပ်စားပိုးများတွင်ရှိသော ရှေ့နှာမောင်းပြွန်နှစ်ခုအနက် ဘယ်ဘက်နှာမောင်းပြွန်ဖြင့် သစ်ရည်များကို စုပ်ယူပြီး အခြားအပင် တစ်ပင်သို့ ထိုးဖောက်ပြီး ညာဘက်ပြွန်ဖြင့် ထွေးထုတ်ပါသည်။ ဤနည်းဖြင့် ၎င်းမှ ဗိုင်းရပ်(စ်)ရောဂါပိုး ပြန့်နှံ့ပါသည်။ တောင်သူကြီးများ အနေဖြင့် မိမိစိုက်ခင်းအတွင်း ဗိုင်းရပ်(စ်)ရောဂါကျရောက်မှု၊ ကူးစက်မှု၊ ပျံ့နှံ့မှု မဖြစ်စေလိုလျှင် စိုက်ခင်းအတွင်းရှိ သီးနှံပင်များအား စုပ်စားပိုးများ မကျရအောင် ကြိုတင်ကာကွယ်သင့်ပါသည်။ ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်ဆေးများကို ကြိုတင်ကာကွယ်ပက်ဖြန်း ပေးထားပါက စုပ်စားပိုးများ မကျရောက်နိုင်သဖြင့် ဗိုင်းရပ်(စ်)ရောဂါများလည်း မကျရောက်နိုင်တော့ပါ။
သီးနှံစိုက်ခင်းများတွင် ကျရောက်တတ်သည့် နီမတုတ်ရောဂါမှာလည်း ဆိုးဆိုးရွားရွား စီးပွားထိခိုက်နိုင်သည်အထိ ကျရောက်တတ်သည့် သီးနှံဟူ၍ များများစားစား မရှိပါ။ စပါးသီးနှံတွင် ကျရောက်သော စပါး ယူဖရာရောဂါ၊ စပါးရွက်ဖျားဖြူရောဂါနှင့် စပါးမြစ်ဖုနီမတုတ်ရောဂါ တို့သည် ဆိုးရွားစွာ ကျရောက်တတ်လေ့ရှိပါသည်။ ၎င်းရောဂါများအတွက် ကာဘာမိတ်အုပ်စုဝင် ပိုးသတ်ဆေးများဖြစ်သည့် ကာဘိုဖြူ ရမ် နှင့် ကာတက်ဟိုက်ဒြိုကလိုရိုက်ဆေးခဲများကို ထယ်ရေးပြုပြင်ချိန်တွင် ကြိုတင်ထည့်သွင်း ပေးခြင်းဖြင့်လည်းကောင်း၊ ဆေးမှုန့်များကို မျိုးစေ့ဖြင့် လူးနယ်စိုက်ပျိုးခြင်းဖြင့် လည်းကောင်း ကာကွယ်နိုင်ပါသည်။
စပါးပင်အရွက်များပေါ်တွင်လည်းကောင်း၊ ရွက်ဖုံးနှင့် ထိတွေ့သောနေရာတို့တွင်လည်းကောင်း၊ အဖြူရောင် အစက်ငယ်များ၊ အစင်း အကွက်များ စတွေ့ပြီး တဖြည်းဖြည်းအညို ရောင်၊ အမဲရောင် ပြောင်းသွားသည်။ အရွက်များ တွန့်လိမ်ကောက်ကွေးခြင်း၊ ရွက်ဖုန်းများ၊ ပင်ပွားများ၊ အနှံများ ပုံမမှန်ထွက်ခြင်း၊ တစ်ခါတစ်ရံ အနှံမထွက်နိုင်ခြင်းများ တွေ့ရှိရပြီး ရောဂါပြင်းထန်ပါက လောင်မီးကျသကဲ့သို့ တစ်ခင်းလုံး ခြောက်သွေ့ခြင်းများဖြစ်ပါက နီမတုတ်ကြောင့် စပါးယူဖရာရောဂါ သို့မဟုတ် စပါးလောင်မီးရောဂါဖြစ်ပေါ်ခြင်း ဖြစ်ပါသည်။ စပါးခင်းအတွင်း အကွက်လိုက်၊ အကွက်လိုက်အရွက်များဝါခြင်း၊ ပင်ပွားနည်းခြင်း၊ အပင်ပုခြင်းနှင့် နို့ရည်မတည်သော အနှံများ ထွက်ခြင်း တို့သည် စပါးဖြစ်ဖုနီမတုတ်ရောဂါကြောင့်ဖြစ်ပြီး အမြစ်များကို နှုတ်ကြည့်ပါက အမြစ်များ အဖုအလုံး သဏ္ဌာန် ဖြစ်ပေါ်နေသည်။
ပဲပင်များတွင် စိုက်ပြီး တစ်လသားကျော်ကျော်ခန့်တွင် အပင်များကြီးမလာဘဲ အကွက်လိုက်စုပြီး ၀ါနေတတ်ပါသည်။ အပင်ကို နှုတ်ကြည့် ပါက အမြစ်များသေးနေပြီး မြေကြီးများဖြင့် ညစ်ပတ်ရှုပ်ထွေးနေတတ်သည်။ ၎င်းအမြစ်များကို ထရိုင်ပန်ဘလူး သုညဒသမ ၂၅ရာခိုင်နှုန်း ဖျော်ရည်တွင်စိမ်၍ ရေဆေးကြည့်ပါက အပြာရောင်သည် နီမတုတ်ဥအိမ်များတွင် စွဲကပ်ကျန်နေသည်ကို တွေ့ရသည်။ ပဲမြစ်နီမတုတ် ရောဂါဖြစ်သည်။ ခရမ်းချဉ်တွင်လည်း ခရမ်းချဉ်မြစ်ဖုနီမတုတ်ရောဂါ ကျတတ်သည်။ အပင်များ၊ အရွက်များ ကြီးထွားမလာဘဲ သေးနေ တတ်သည်။ အမြစ်များ ဆွဲနှုတ်ကြည့်ပါက ဖုနေသည်ကို တွေ့ရသည်။ စပါးတွင်ဖြစ်စေ၊ ပဲတွင်ဖြစ်စေ၊ ခရမ်းချဉ် စသည်တို့တွင်ဖြစ်စေ နီမတုတ်ရောဂါ သေချာပြီဆိုပါက နောက်နှစ်စိုက်ချိန်တွင် ကြိုတင်ကာကွယ်မှု ပြုလုပ်ရပါသည်။
ထယ်နက်နက်ထိုး၍ လှန်ခြင်း၊ ကာဘိုဖျူရမ်နှင့် ကာတက်ဟိုက်ဒရိုကလိုရိုဒ် ဆေးအခဲများ ထယ်ရေးပြင်ချိန်တွင် ထည့်ပေးခြင်းဖြင့် နီမတုတ် ရောဂါကို ကြိုတင်ကာကွယ်ထားနိုင်သည်။ အပင်တွင်ကျရောက်သောရောဂါများကို ကာကွယ်ကုသရာတွင် အစောပိုင်း၌ ဖော်ပြထားသကဲ့သို့ ဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရန် စုပ်စားပိုးများဖြစ်သည့် ဖြုတ်၊ သရစ်လှေးပိုးများကို ကြိုတင်ကာကွယ်ရပါမည်။ နီမတုတ်ရောဂါများ ကြိုတင်ကာကွယ်ရန် ထယ်ရေးနက်နက်လှန်၍ ကာဘာမိတ်အုပ်စုဝင် ကာဘိုဗျူရမ်နှင့် ကာတက်ဟိုက်ဒြိုကလိုရိုက် ပိုးသတ်ဆေးအခဲများ ထည့်သွင်းစိုက်ပျိုးခြင်းတို့ ပြုလုပ်ပေးရပါမည်။
သီးနှံပင်များတွင် အများဆုံးဖြစ်ပေါ်နေသည့် အပင်ရောဂါများမှာ မှိုရောဂါနှင့် ဘက်တီးရီးယား ရောဂါများ ဖြစ်ကြပါသည်။ မှိုရောဂါကို မှိုသတ်ဆေးများဖြစ်သည့် မင်ကိုဇက်၊ မက်တာလက်ဆီ၊ ဆိုင်မောက်စနေးလ်၊ ကလိုရိုသာလိုနေး၊ ဇီနက်၊ အဇိုစီစထရိုဘင်၊ ဒိုင်ဖီနိုကို နာဇိုးလ်၊ ပရိုပီကိုနာဇိုးလ်၊ ဟက်ဇာကိုနာဇိုးလ်ကာဘင်ဒါဇင် အစရှိသည့် ဆေးများဖြင့် ကာကွယ်နှိမ်နင်းနိုင်သကဲ့သို့ ဘက်တီးရီးယား ရောဂါများကို ကော့ပါးဟိုက်ဒြောက်ဆိုဒ်၊ ကော့ပါးအောက်စီကလိုရိုဒ်၊ ကာဆူဂါမိုင်မင်၊ စထရက်တိုမိုင်ဇင် အစရှိသည့် ဆေးများဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။ မှိုရောဂါကျနေသည့် အပင်များကို ဘက်တီးရီးယားဆေးဖြင့် ထိရောက်စွာ မကာကွယ်၊ မနှိမ်နင်းနိုင်သကဲ့သို့ ဘက်တီးရီးယားရောဂါကျနေသည့် အပင်များကိုလည်း မှိုဆေးများဖြင့် မနှိမ်နင်းနိုင်ပါ။ အနာတခြား ဆေးတခြားဖြစ်ပါက ဆေးဖိုးသာကုန် ၍ ကာကွယ်ကုသမှုများ မထိရောက်ဘဲ သီးနှံအထွက်နှုန်းများ ဆုံးရှုံးသွားနိုင်ပါသည်။
ထို့ကြောင့် အနာနှင့် ဆေးတည့်အောင်ပေးရန် လိုအပ်ပါသည်။ မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါများကို အောက်ပါနည်းလမ်းများဖြင့် ခွဲခြား နိုင်ပါသည်။ မှိုရောဂါကျရောက်သော အပင်များသည် လက္ခဏာ အမျိုးမျိုးပြကြပါသည်။ အရွက်ပေါ်တွင် အ၀ါစက်ပျောက်ကလေး များ စတင်ဖြစ်ပေါ်ခြင်း၊ အညိုကွက်များဖြစ်ပေါ်ခြင်း၊ အညိုကွက်များ၏ အပြင်ဘက်တွင် အ၀ါရောင်အကွက်ဖြစ်ခြင်း၊ အကွက်များ တဖြည်းဖြည်း ကြီးလာခြင်း၊ အကွက်များဆက်မိပြီး အရွက်များ ၀ါလာ၊ ညိုလာ၍ခြောက်သွားခြင်း၊ အမြစ်များဆွေးခြင်း၊ ခြောက်ခြင်း၊ ပင်စည်တွင် ဒဏ်ရာများဖြစ်ခြင်းတို့သည် ပုံမှန်ဖြစ်နေကျ မှိုရောဂါများ ဖြစ်ကြပါသည်။
ဘက်တီးရီးယား ရောဂါကျသော အပင်များသည် အရွက်များပေါ်တွင် ညိုမဲရောင် ရေနာကွက်များဖြစ်ပေါ်ခြင်း၊ ပင်စည်အခြေနှင့် အသီးများ ပေါ်တွင် ရေနာကွက်များဖြစ်ပေါ်ခြင်း၊ အပင်ငယ်များတွင် အပေါ်ရွက်များညှိုးလာခြင်း၊ အပင်ကြီးများတွင် အောက်ရွက်များ ညှိုးလာခြင်း စသည်တို့ အပြင် ပင်စည်ကိုဖြတ်ကြည့်၊ ခွဲကြည့်ပါက ညှီစို့စို့အနံ့ဖြင့် အပုပ်နံ့နှင့် အမဲရောင်များ ပင်စည်တွင် တွေ့ရခြင်း၊ အပင်များညှိုး၍ သေဆုံးလာခြင်းများ တွေ့ရှိရတတ်ပါသည်။ မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါကို ဓာတ်ခွဲခန်းတွင်မဟုတ်ဘဲ ပြင်ပ စိုက်ကွင်းထဲတွင် သာမာန်မျက်စိဖြင့် ခွဲခြားရန် ခက်ခဲပါသည်။ အထူးသဖြင့် အပင်များတွင် ညှိုး၍သေသော ပင်ညှိုးရောဂါများ အများဆုံး ဖြစ်တတ်ပါသည်။
ပင်ညှိုးရောဂါ နှစ်မျိုးကို မခွဲခြားတတ်ပါက အနာတခြား ဆေးတခြား ဖြစ်တတ်သည်။ မှိုကြောင့်ဖြစ်သော ပင်ညှိုးရောဂါသည် အရွက် ကလေးများ တဖြည်းဖြည်း စ၍၀ါလာပါသည်။ ရက်အနည်းငယ်ကြာလာသည်နှင့်အမျှ အရွက်များ တစ်ခါတစ်ရံ အပင်တစ်ဝက်ခန့်၊
တစ်ခါတစ်ရံ တစ်ပင်လုံးဝါလာပြီး အရွက်များ ညှိုးခြောက်၍ အပင်သေတတ်ပါသည်။ တစ်ပတ်၊ နှစ်ပတ် ခန့်ကြာတတ်ပါသည်။
ဘက်တီးရီးယားကြောင့်ဖြစ်သော ပင်ညှိုးရောဂါမှာ အပင်အခြေရှိ အစာရေကြောစည်းများတွင် ဘက်တီးရီးယား တိုက်ခိုက်မှုကြောင့်
အပင်အပေါ်ပိုင်းသို့ အစာနှင့်ရေ မပို့နိုင်တော့ဘဲ အရွက်များ အစိမ်းရောင်ပကတိဖြင့် ညှိုးကျလာပြီး အပင်တစ်ပင်လုံး ညှိုးကျသွားပါ သည်။ အသီးကြီးများ တန်းလန်းဖြင့် အစိမ်းရောင် ပကတိအတိုင်း တစ်ပင်လုံး ညှိုးကျသွားခြင်းသည် ဘက်တီးရီးယားကြောင့် ပင်ညှိုး ရခြင်းဖြစ်သည်။
တစ်ခါတစ်ရံ တစ်ပင်လုံးဝါလာပြီး အရွက်များ ညှိုးခြောက်၍ အပင်သေတတ်ပါသည်။ တစ်ပတ်၊ နှစ်ပတ် ခန့်ကြာတတ်ပါသည်။
ဘက်တီးရီးယားကြောင့်ဖြစ်သော ပင်ညှိုးရောဂါမှာ အပင်အခြေရှိ အစာရေကြောစည်းများတွင် ဘက်တီးရီးယား တိုက်ခိုက်မှုကြောင့်
အပင်အပေါ်ပိုင်းသို့ အစာနှင့်ရေ မပို့နိုင်တော့ဘဲ အရွက်များ အစိမ်းရောင်ပကတိဖြင့် ညှိုးကျလာပြီး အပင်တစ်ပင်လုံး ညှိုးကျသွားပါ သည်။ အသီးကြီးများ တန်းလန်းဖြင့် အစိမ်းရောင် ပကတိအတိုင်း တစ်ပင်လုံး ညှိုးကျသွားခြင်းသည် ဘက်တီးရီးယားကြောင့် ပင်ညှိုး ရခြင်းဖြစ်သည်။
နှစ်ရက်သုံးရက်အတွင်း ညှိုးကျသွားခြင်း ဖြစ်သည်။ မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါကို ပိုမိုသေချာစွာ ခွဲခြားလိုလျှင် ရောဂါရအပင် တစ်ပင်အား အမြစ်ဆုံနေရာ၏ အထက် လက်သုံးသစ်ခန့် (နှစ်လက်မခန့်)မှ ဖြတ်၍ ဇာဂနာအကြီး တစ်ချောင်းဖြင့် မြစ်ဆုံနေရာမှ ညှပ်ပါ။ ပန်းပွင့်ဒီဇိုင်းများ မပါရှိသော ဖန်ခွက်အဖြူတစ်လုံးတွင် ရေသန့်သန့်ကြည်ကြည် အပြည့်ထည့်ပါ။ ဖြတ်ထားသော ရောဂါရ ပင်စည်အား အမြစ်မိုးပေါ်ထောင်၍ ပင်စည်ပြတ်အား ဖန်ခွက်ထဲရှိ ရေထဲတွင်နှစ်၍ ဖန်ခွက်နှုတ်ခမ်းပေါ်တွင် ဇာဂနာကိုတင်၍ နာရီဝက်ခန့် ငြိမ်အောင် ထားပါ။ ရေထဲတွင်နစ်နေသည့် ပင်စည်ပြတ် နေရာမှ နာရီဝက်ခန့်အကြာတွင် နွားနို့ရောင်အနှစ်ကလေးများနှင့်ရေပလုံစီ ကလေးများ ဖန်ခွက်အောက်ခြေသို့ အတန်းလိုက်ထွက်လာသည်ဆိုပါက ရောဂါရအပင်သည် ဘက်တီးရီးယား ရောဂါဖြစ်သည်ကို သေချာပြောနိုင် ပါသည်။ ၎င်းအတန်း ထွက်မလာပါက မှိုရောဂါဖြစ်နိုင်ပါသည်။
ထိုနည်းဖြင့် မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါကို ခွဲခြားနိုင်ပြီး မှိုရောဂါ ကျရောက်ပါက စိုက်ခင်းအား မှိုသတ်ဆေးများ ဖြင့်လည်းကောင်း၊ ဘက်တီးရီးယားရောဂါကျနေပါက ဘက်တီးရီးယားဆေးများဖြင့်လည်းကောင်း ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။ ဆေးနှုန်းထားများကို ဆေးပုလင်းနှင့် ဆေးထုပ်များတွင်ပါသည့် အညွှန်းစာအတိုင်း သေချာဖတ်ရှုလေ့လာပြီး တိတိကျကျ လိုက်နာသုံးစွဲမည် ဆိုပါက ထိရောက်သော ကာကွယ်နှိမ်နင်းမှုကို ပေးနိုင်ပါမည်။ ဘက်တီးရီးယားပင်ညှိုးရောဂါမှာမူ မြေဆောင်ရောဂါဖြစ်သည့်အပြင် တစ်ခါတစ်ရံ ရိုးရိုးသာမာန်ဘက်တီးရီးယားဆေးများဖြင့် နှိမ်နင်း၍ မရနိုင်ပါ။ မြေကိုပြုပြင်၍ ကုသပေးမှသာ ထိရောက်ပါသည်။
ဘက်တီးရီးယားပိုးများသည် မြေအမြဲစိုစွတ်နေခြင်း၊ မြေချဉ်နေခြင်းနှင့် ရာသီဥတုပူအိုက်စွတ်စိုပါက ကျရောက်လေ့ ရှိပါသည်။ မြေကို ထယ်နက်နက်ထိုးလှန်ရမည်။ တစ်ဧက မဖောက်ထုံး သုံးအိတ်မှ ငါးအိတ်ခန့် ထည့်ပေးရသည်။ ဂျစ်ပဆန်လချေးမြေသြဇာ တစ်ဧက နှစ်အိတ်မှ သုံးအိတ်ခန့် ထည့်ပေးရသည်။ မြေကို အခြောက်လှန်း ပေးရသည်။ မျိုးမတူသော သီးနှံများ သီးလှည့်စိုက်ပေးရသည်။
တစ်ခါတစ်ရံ လိုအပ်ပါက ဘက်တီးရီးယားဆေးများတွင် ရေတစ်ဂါလန် စထရက်တိုမိုက်ဆင်တစ်တောင့်နှင့် ကော်ရည်ရောစပ်ပြီး
ပက်ဖြန်း ပေးရသည်။
တစ်ခါတစ်ရံ လိုအပ်ပါက ဘက်တီးရီးယားဆေးများတွင် ရေတစ်ဂါလန် စထရက်တိုမိုက်ဆင်တစ်တောင့်နှင့် ကော်ရည်ရောစပ်ပြီး
ပက်ဖြန်း ပေးရသည်။
သို့မှသာ ဘက်တီးရီးယားရောဂါကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင် ပါသည်။ ဆေးပုလင်း၊ ဆေးထုပ်ပေါ်ရှိ အညွှန်းစာများကို သေချာ စွာ ဖတ်ရှုပြီး ဆေးနှုန်းထားအနည်းအများကို ယခင်ဆောင်းပါးတွင် ဖော်ပြခဲ့သည့်အတိုင်း သီးနှံပင်အမျိုးအစား၊ အပင်သက်တမ်း နှင့် ရောဂါကျရောက်မှု အနေအထားပေါ်မူတည်၍ ဆေးနှုန်းထား သတ်မှတ်သုံးစွဲရပါသည်။ သစ်သီးပင်များနှင့် နှစ်ရှည်ပင်များတွင် ဆေးနှုန်းထား အမြင့်ဆုံး၊ အနှံစားနှင့် စက်မှုကုန်ကြမ်းသီးနှံပင်များ၊ ပဲမျိုးစုံပင်များတွင် ဆေးနှုန်းထား အလတ်စား၊ ဟင်းသီးဟင်းရွက် နှင့် ပန်းမာလ်ပင်များတွင် ဆေးနှုန်းထား အနည်းဆုံးဖြင့် အသုံးပြုရပါသည်။
အပင်ရပ်နိမ့်သော ငြုပ်၊ ကြက်သွန်၊ အာလူးတို့တွင် ဆေးနှုန်းထား အနည်းဖြင့် လည်းကောင်း၊ ပဲမျိုးစုံသီးနှံတွင် ဆေးနှုန်းထား အလတ်
စားဖြင့် လည်းကောင်း၊ အပင်ရပ်မြင့်သော ပြောင်း၊ ကြံ၊ ၀ါနှင့် ပဲစင်းငုံပင်များတွင် နှုန်းထားအမြင့်တို့ကို သုံးရပါသည်။ အပင်များ ကာကွယ် ကုသခြင်း တို့တွင် ထိရောက်ရန်အတွက် ဆေးဖျော်နည်း နှင့် ဆေးဖျန်းနည်း မှန်ကန်ရန် လိုအပ်ပါသည်။
စားဖြင့် လည်းကောင်း၊ အပင်ရပ်မြင့်သော ပြောင်း၊ ကြံ၊ ၀ါနှင့် ပဲစင်းငုံပင်များတွင် နှုန်းထားအမြင့်တို့ကို သုံးရပါသည်။ အပင်များ ကာကွယ် ကုသခြင်း တို့တွင် ထိရောက်ရန်အတွက် ဆေးဖျော်နည်း နှင့် ဆေးဖျန်းနည်း မှန်ကန်ရန် လိုအပ်ပါသည်။
၁။ အထူးသဖြင့် သတ်မှတ်ထားသော ဆေးမှုန့်များကို ဆေးဖြန်းပုံးတွင် ရေအပြည့်ထည့်ပြီး တိုက်ရိုက်ထည့်၍ ဖျော်ခြင်းသည် ထိရောက်မှု နည်းပါးသည်။ သတ်မှတ်ဆေးနှုန်းထားအတိုင်း ဆေးမှုန့်ကို သီးခြားပလပ်စတစ်ခွက်တွင် ထည့်၍ ရေဖြင့် သမပျော်ဝင်အောင် ပထမ ဖျော်ပါ။ ၎င်းဆေးဖျော်ရည်ကို ရေတစ်ဝက်ဖြည့်ထားသည့် ဆေးဖြန်းပုန်းအတွင်း လောင်းထည့်၍ မွှေတန်ဖြင့် သမသွားအောင် မွှေပေးပါ။ ပြီးမှ ရေတစ်ဝက်ကို ထပ်မံဖြည့်စွက်ပါ။ ထပ်မံ၍ သမအောင် မွှေပေးပါ။
၂။ ဆေးနှုန်းထားကို အညွှန်းစာပါအတိုင်း အတိအကျဖျော်စပ်၍ ဆေးဖြန်းရမည့် ဆေးဖြန်းပုံး အရေအတွက်ပြည့်မီအောင်ဖြန်းပေးပါ။
၃။ နံနက်ပိုင်းနေအေးချိန် သို့မဟုတ် ညနေပိုင်းနေကျချိန်တွင်သာ ဆေးဖြန်းပါ။ နေ့လည်အပူချိန်တွင် ဆေးမဖြန်းရပါ။
၎။ သီးနှံပင်ထိပ်ဖျားမှ လေးလက်မ အကွာတွင် ဆေးဖြန်းနော်ဇယ်ခေါင်းအားထား၍ ဖြစ်ကာစ စိုက်တန်းများကြား အပင်အောက်ပိုင်းနှင့် အရွက်အောက်မျက်နှာပြင် သို့ ဆေးရောက်ရန် ဆေးဖြန်းနော်ဇယ်ခေါင်းအား အတန်းကြားထား၍ဖြစ်စေ ပက်ဖြန်း ပါ။
၅။ ဆေးဖြန်းသည့်အခါ လုံခြုံသော အ၀တ်အစားများ ၀တ်ဆင်၍ လေတင်ဘက်မှ လူနေ၍ အောက်ဘက်တွင် နော်ဇယ် ခေါင်းအား
ထား၍ ဆေးဖြန်းရန်။
ထား၍ ဆေးဖြန်းရန်။
၆။ ပိုး “စ” တင်ကျသည်ကို သိလျှင်သိခြင်း၊ ရောဂါဖြစ်သည်ကို “စ” တင်၍ တွေ့တွေ့ခြင်း ဆေးကို ကြိုတင်ဖြန်းနိုင်အောင် ကြိုးစားပါ။
အဆင့်လွန်ချိန်တွင် ကာကွယ်နှိမ်နင်းခြင်းမှာ ထိရောက်မှု မရှိပါ။
အဆင့်လွန်ချိန်တွင် ကာကွယ်နှိမ်နင်းခြင်းမှာ ထိရောက်မှု မရှိပါ။
၇။ တတ်ကျွမ်းသော ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးမှုပြု၍ ညွှန်ကြားချက်များအတိုင်း တိတိကျကျ ဆေးဖြန်းကာကွယ်နှိမ်နင်းပါ။
အထက်ဖော်ပြပါအချက်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်မည်။ အနာနှင့်ဆေးလည်း တည့်အောင်ပေးနိုင်မည်ဆိုလျှင်
တောင်သူဦးကြီးများ၏ စိုက်ခင်းများတွင် ဖြစ်ပေါ်နေသည့် ပိုးမွှားရောဂါ ပြဿနာများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်ပြီး သီးနှံများလည်း ဆထက် တပိုး၊ တိုးတက်ထွက်ရှိနိုင်မည်မှာ အမှန်ပင် ဖြစ်ပါတော့သည်။
အထက်ဖော်ပြပါအချက်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်မည်။ အနာနှင့်ဆေးလည်း တည့်အောင်ပေးနိုင်မည်ဆိုလျှင်
တောင်သူဦးကြီးများ၏ စိုက်ခင်းများတွင် ဖြစ်ပေါ်နေသည့် ပိုးမွှားရောဂါ ပြဿနာများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်ပြီး သီးနှံများလည်း ဆထက် တပိုး၊ တိုးတက်ထွက်ရှိနိုင်မည်မှာ အမှန်ပင် ဖြစ်ပါတော့သည်။
Credit – ကောင်းမှန်(ကံမြင့်)