Myanma Shwe Nagar
htto://www.mobile.facebook.com/myanmashwenagar.blogspot.com/
Thursday, January 26, 2017
စပါး​အထွက်​⁠နှုန်း​ တိုး​တက်​ထွက်​ရှိ⁠စေ⁠ရေး​အတွက်​ စပါး​သက်​တမ်း​အဆင့်​​အလိုက်​ ဓါတ်ေ⁠မြ⁠သြဇာထည့်​​သွင်း​ရမည့်​​ နည်း​လမ်း​များ
စပါး​အထွက်​⁠နှုန်း​ တိုး​တက်​ထွက်​ရှိ⁠စေ⁠ရေး​အတွက်​ စပါး​သက်​တမ်း​အဆင့်​​အလိုက်​ ဓါတ်ေ⁠မြ⁠သြဇာထည့်​​သွင်း​ရမည့်​​ နည်း​လမ်း​များ
စပါး​အထွက်​⁠နှုန်း​ တိုး​တက်​ထွက်​ရှိ⁠စေ⁠ရေး​အတွက်​ ဓါတ်ေ⁠မြ⁠သြဇာထပ်​မံထည့်​​သွင်း​⁠ခြင်း​ (Top-dressing)​  လုပ်​⁠ဆောင်​ရာတွင်​ ရည်​မှန်း​ ချက်​ (၄)​ရပ်​ ထား​ရှိ⁠ဆောင်​ရွက်​ရပါမည်​။ ရည်​မှန်း​ချက်​များ​ ကွဲ⁠ပြား​⁠ခြား​နား​သကဲ့​သို့​ ဓါတ်ေ⁠မြ⁠သြဇာ ထပ်​မံထည့်​​သွင်း​ရမည့်​​ အချိန်​များ​သည်​ လည်း​ ကွဲ⁠ပြား​⁠ခြား​နား​⁠ကြပါသည်​။ ယင်း​ရည်​မှန်း​ချက်​ (၄)​ရပ်​မှာ ⁠အောက်​ပါအတိုင်း​⁠ဖြစ်​ပါသည်​။ 
(၁)​ အ⁠နှံ (Panicles)​ အ⁠ရေအတွက်​များ​⁠စေရန်​။ 
(၂)​ စပါး​⁠စေ့​ (Spikelets or Grains)​ အ⁠ရေအတွက်​များ​⁠စေရန်​။ 
(၃)​ စပါး​ခွံအရွယ်​အစား​ (Hull Size)​ ⁠ကြီး​ထွား​လာ⁠စေရန်​⁠နှင့်​​ လုံး​ပိန်​လုံညှပ်​၊ အသိမ်​အဖျင်း​ (Degenerated Spikelets)​ များ​ ⁠ဖြစ်​⁠ပေါ်⁠ခြင်း​ နည်း​ပါး​⁠စေရန်​။ 
(၄)​ အ⁠စေ့​⁠ကြီး​ထွား​ဖွံ့​⁠ဖြိုး​⁠ခြင်း​ (Kernel Development)​ ရှိ⁠စေရန်​⁠နှင့်​​ ⁠အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​ (Percentage of Ripened Grains)​ ⁠မြင့်​​မား​⁠စေရန်​တို့​ ⁠ဖြစ်​ပါသည်​။ 
(၁)​ အ⁠နှံအ⁠ရေအတွက်​များ​⁠စေရန်​ ဓါတ်ေ⁠မြ⁠သြဇာ ထပ်​မံထည့်​​သွင်း​⁠ခြင်း
(၂)​ အ⁠နှံ⁠စေ့​ (Spikelets)​ အ⁠ရေအတွက်​ များ​⁠ပြား​⁠စေရန်​ ဓါတ်ေ⁠မြ⁠သြဇာ ထပ်​မံထည့်​​သွင်း​ချိန်
သု⁠တေတန⁠တွေ့​ရှိချက်​များ​အရ လည်​ဆစ်​⁠ဖြစ်​တည်​ချိန်​ (Neck-node Differentiation Stage)​ တွင်​ ဓါတ်ေ⁠မြ⁠သြဇာထပ်​မံ ထည့်​​သွင်း​⁠ခြင်း​ (Top-dressing)​ ⁠ပြုလုပ်​လျှင်​ အ⁠နှံ⁠စေ့​ အ⁠ရေအတွက်​ (Number of Spikelets)​ များ​စွာ ⁠ဖြစ်​⁠ပေါ်ပါသည်​။ ထို့ေ⁠ကြာင့်ေ⁠မြ⁠သြဇာ ထက်​သန်​ မှုမရှိ⁠သောေ⁠မြ⁠နှင့်​​ စပါး​ပင်​၌​ ⁠နိုက်​ထရိုဂျင်​ချို့​တဲ့​မှုများ​⁠ဖြစ်​⁠ပေါ်⁠နေချိန်​ သို့​မဟုတ်​ အ⁠နှံ⁠စေ့​ အ⁠ရေအတွက်​ (Number of Spikelets)​ အလွန်​ နည်း​ပါး​စွာ ထွက်​⁠လေ့​ရှိ⁠သော စိုက်​ခင်း​များ​တွင်​ အ⁠နှံမထွက်​မီ (၃၂)​ ရက်​အလို လည်​ဆစ်​⁠ဖြစ်​တည်​ချိန်​ ( Neck-node Differentiation Stage)​ တွင်​ ဓါတ်ေ⁠မြ⁠သြဇာထက်​မံထည့်​​သွင်း​⁠ခြင်း​ (Top-Dressing)​ ⁠ပြုလုပ်​သင့်​​ပါသည်​။ သို့​⁠သော်​ သတိ⁠ပြုရမည့်​​အချက်​မှာ ဤအချိန်​ တွင်​ ဓါတ်ေ⁠မြ⁠သြဇာ ထပ်​မံထည့်​​သွင်း​⁠ခြင်း​အား​⁠ဖြင့်​​ စပါး​အထွက်​⁠နှုန်း​ကျဆင်း​⁠လေ့​ရှိပါသည်​။ အဘယ်ေ⁠ကြာင့်​​ဆို⁠သော်​ အ⁠နှံအ⁠ရေအတွက်​ (Number of Spikelets)​ သည်​ အလွန်​များ​⁠ပြား​စွာ ⁠ဖြစ်​ထွန်း​လာ⁠ပြီး​ ⁠အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​ (Percentage of Ripened Grains)​ ကျဆင်း​ သွား​⁠သောေ⁠ကြာင့်​​ ⁠ဖြစ်​ပါသည်​။ ထို့ေ⁠ကြာင့်​​ (၁)​မီတာပတ်​လည်​အကွက်​တိုင်း​တွင်​ အ⁠နှံ⁠စေ့​ (Spikelets)​ အ⁠ရေအတွက်​ အထူး​ကျဆင်း​     ⁠လေ့​ရှိသည့်​​ စပါး​စိုက်​ခင်း​များ​မှ အပ ဤအချိန်​တွင်​ ⁠နိုက်​ထရိုဂျင်​ဓါတ်ေ⁠မြ⁠သြဇာ ထပ်​မံထည့်​​သွင်း​⁠ခြင်း​ (Top-dressing)​ မ⁠ပြုလုပ်​သင့်​​⁠ပေ။ သို့​⁠သော်​ ⁠နိုက်​ထရိုဂျင်​ဓါတ်ေ⁠မြ⁠သြဇာအစား​ ပိုတက်​ဓါတ်ေ⁠မြ⁠သြဇာကို မူကား​ထည့်​​သွင်း​သင့်​​ပါသည်​။ 
(၃)​ စပါး​ခွံအရွယ်​အစား​ (Hull Size)​ ⁠ကြီး​ထွား​⁠စေရန်​⁠နှင့်​​ လုံး​ပိန်​လုံး​ညှပ်​ အသိမ်​အဖျင်း​ နည်း​ပါး​⁠အောင်​ ဓါတ်ေ⁠မြ⁠သြဇာ ထပ်​မံထည့်​​သွင်း​ချိန်
အ⁠နှံမထွက်​မီ (၁၈)​ရက်​ အလို မျိုး​ပွား​အဂါင်္များ​ ⁠ဖြစ်​⁠ပေါ်တိုး​တက်​သည့်​​ကာလ (Reduction Division Stage)​ တွင်​ ဓါတ်ေ⁠မြ⁠သြဇာ ထပ်​မံ ထည့်​​သွင်း​ပါက စပါး​ခွံအရွယ်​အစား​ (Hull Size)​ ⁠ကြီး​ထွား​လာသည့်​​အ⁠ပြင်​ လုံး​ပိန်​လုံး​ညှပ်​၊ အသိမ်​အဖျင်း​ (Degenerated Spikelets)​ အ⁠ရေအတွက်​လည်း​ ⁠လျော့​နည်း​⁠စေပါသည်​။ အာဟာရဓာတ်​ပါဝင်​မှု နည်း​သ⁠ဖြင့်ေ⁠မြဆီ⁠သြဇာညံ့​ဖျင်း​⁠လေ့​ရှိ⁠သော လယ်ေ⁠မြများ​တွင်​ အ⁠နှံ ကိုင်း​ အ⁠နှံခက်​ (Rachis-branches)​ များ​၏ ⁠ဖြစ်​တည်​မှု စွမ်း​အား​များ​ ကျဆင်း​⁠လေ့​ရှိပါသည်​။ ထို့ေ⁠ကြာင့်​​ အထက်​⁠ဖော်​⁠ပြခဲ့​သည့်​​ အချိန်​တွင်​ ဓါတ်ေ⁠မြ⁠သြဇာ ထပ်​မံထည့်​​သွင်း​⁠ခြင်း​ (Top-dressing)​ ⁠ပြုလုပ်​သင့်​​ပါသည်​။ 
(၄)​ အ⁠စေ့​ (Kernel)​ ⁠ကြီး​ထွား​ဖွံ့​⁠ဖြိုး​⁠စေရန်​⁠နှင့်​​ ⁠အောင်​⁠စေ့​ ရာခိုင်​⁠နှုန်း​(Percentage of Ripened Grains)​ ⁠မြင့်​​မား​⁠စေရန်​ ဓါတ်ေ⁠မြ⁠သြဇာထပ်​မံ ထည့်​​သွင်း​ချိန်
အ⁠စေ့​ (Kernel or Caryopsis)​ ⁠ကြီး​ထွား​ဖွံ့​⁠ဖြိုး​⁠စေရန်​⁠နှင့်​​ ⁠အောင်​⁠စေ့​ ရာခိုင်​⁠နှုန်း​ (Percentage of Ripened Grains)​ ⁠မြင့်​​မား​လာ⁠စေရန်​ ရင့်​​မှည့်​​သည့်​​ အချိန်​ကာလ (Ripening Period)​ အတွင်း​ စပါး​ပင်​ကို အာဟာရချို့​တဲ့​⁠ခြင်း​မ⁠ဖြစ်​⁠အောင်​ ⁠ပြုစု⁠စောင့်​​⁠ရှောက်​⁠ပေး​ရပါမည်​။   ⁠အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​သည်​ (၈၅)​ ရာခိုင်​⁠နှုန်း​⁠အောက်​ ကျဆင်း​ပါက အ⁠နှံထွက်​ချိန်​ (Full Heading Time)​ တွင်​ ဓါတ်ေ⁠မြ⁠သြဇာ ထပ်​မံ ထည့်​​သွင်း​သင့်​​ပါသည်​။ အထူး​သ⁠ဖြင့်ေ⁠မြဆီ⁠သြဇာ ထက်​သန်​⁠ခြင်း​ မရှိ⁠သော စပါး​ခင်း​များ​တွင်​ အ⁠ဖြစ်​မ⁠နေ ဓါတ်ေ⁠မြ⁠သြဇာထပ်​မံထည့်​​ သွင်း​ရမည်​။ 
⁠မြန်​မာ့​စိုက်​ပျိုး​⁠ရေး​လုပ်​ငန်း
စပါး​အ⁠နှံ⁠စေ့​၊ ⁠အောင်​⁠စေ့​⁠နှင့်​​ အ⁠စေ့​ ( ၁၀၀၀ )​ အ⁠လေး​ချိန်​ တိုး​တက်​ရရှိ⁠အောင်​ ⁠ဆောင်​ရွက်​ရမည့်​​ နည်း​လမ်း​များ
အနှံစေ့အ⁠ရေအတွက်​ တိုး​တက်​လာ⁠အောင်​ ⁠ဆောင်​ရွက်​ရမည့်​​နည်း​လမ်း
အ⁠နှံ⁠စေ့​အ⁠ရေအတွက်​ တိုး​တက်​လာ⁠အောင်​ ⁠ဆောင်​ရွက်​ရမည့်​​ နည်း​လမ်း​ (၄)​ရပ်​ ရှိပါသည်​။ 
၁။ အ⁠နှံ (Panicles)​ အ⁠ရေအတွက်​ များ​စွာထွက်​ရှိ⁠ခြင်း​ မရှိ⁠အောင်​ ⁠ဆောင်​ရွက်​⁠ခြင်း​။ 
၂။ ⁠ကြီး​ထွား​သန်​မာ⁠သော ပင်​ပွား​များ​ရရှိ⁠အောင်​ ⁠ဆောင်​ရွက်​⁠ခြင်း​။ 
၃။ ⁠အောင်​⁠မြင်​⁠သော အ⁠နှံ⁠စေ့​များ​ ရရှိ⁠အောင်​ ⁠ဆောင်​ရွက်​⁠ခြင်း​။ 
၎။ မ⁠အောင်​⁠မြင်​⁠သော အ⁠နှံ⁠စေ့​ (Degenrrated  Spikelets)​ များ​ ⁠ဖြစ်​⁠ပေါ်လာ⁠ခြင်း​မရှိ⁠အောင်​ ⁠ဆောင်​ရွက်​⁠ခြင်း​တို့​ ⁠ဖြစ်​ပါသည်​။ 
⁠အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​⁠မြင့်​​မား​⁠အောင်​ ⁠ဆောင်​ရွက်​ရမည့်​​နည်း​လမ်း
စပါး​သီး​⁠နှံ စိုက်​ပျိုး​ထုတ်​လုပ်​ရာတွင်​ ⁠အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​သည်​ (၇၅%)​ အထက်​⁠လျော့​နည်း​ပါက အဓိကပစ်​မှတ်​အ⁠ဖြစ်​ထား​ရှိ   ⁠ဆောင်​ရွက်​ ရမည့်​​လုပ်​ငန်း​မှာ ⁠အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​⁠မြင့်​​မား​⁠စေရန်​⁠နှင့်​​ အ⁠စေ့​ (၁၀၀၀)​ အ⁠လေး​ချိန်​ တိုး​တက်​⁠စေရန်​ နည်း​လမ်း​များ​⁠ဖြစ်​ပါသည်​။ ယင်း​  နည်း​လမ်း​များ​မှာ ⁠အောက်​ပါအတိုင်း​ ⁠ဖြစ်​ပါသည်​။ 
၁။ မှို့​ကပ်​ချိန်​ (Panicle  Initiation  Stage)​ မှ အ⁠နှံထွက်​ချိန်​ (Heating Stage)​ ကာလအထိ စပါး​ပင်​အတွက်​ အေ⁠ခြအ⁠နေ⁠ကောင်း​များ​ ဖန်​တီး​⁠ပေး​⁠ခြင်း​။ 
၂။ အ⁠နှံ⁠စေ့​ (Spikelets)​ အ⁠ရေအတွက်ေ⁠မြာက်​များ​စွာ ထွက်​ရှိ⁠ခြင်း​ မရှိ⁠အောင်​⁠ဆောင်​ရွက်​⁠ခြင်း​။ 
၃။ အ⁠နှံထွက်​သည့်​​ အချိန်​ကာလအထိ စပါး​ပင်​ကို ⁠ကြံ့​ခိုင်​သန်​စွမ်း​⁠အောင်​ ⁠ပြုစု⁠စောင့်​​⁠ရှောင့်​​⁠ခြင်း​။ 
၎။ အ⁠နှံလုံး​၀ထွက်​ချိန်​ (Full Heating Stage)​ ၌ ⁠နိုက်​ထရိုဂျင်​ဓါတ်ေ⁠မြ⁠သြဇာ ထပ်​မံထည့်​​သွင်း​⁠ခြင်း​။ 
၅။ အ⁠နှံထွက်​⁠ပြီး​⁠နောက်​ ပိုး​မွှား​⁠ရောဂါကျ⁠ရောက်​⁠ခြင်း​ မရှိ⁠အောင်​ ကာကွယ်​⁠ခြင်း​။ 
၆။ စပါး​ပင်​ယိုင်​လဲမှု မ⁠ဖြစ်​⁠အောင်​ ကာကွယ်​⁠ခြင်း​။ 
၇။ ⁠အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​ ⁠မြင့်​​မား​စွာရရှိသည့်​​ မျိုး​များ​ကို   ⁠ရွေး​ချယ်​ စိုက်​ပျိုး​⁠ခြင်း​⁠နှင့်
၈။ အ⁠မြစ်​များ​၏ စွမ်း​⁠ဆောင်​ရည်​⁠မြင့်​​မား​⁠အောင်​ လုပ်​⁠ဆောင်​⁠ပေး​⁠ခြင်း​။
အ⁠စေ့​(၁၀၀၀)​ အ⁠လေး​ချိန်​ တိုး​တက်​ရရှိ⁠အောင်​ ⁠ဆောင်​ရွက်​ရမည့်​​ နည်း​လမ်း​များ
အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​ (Percentage of Ripened Grains)​ သည်​ (၇၅)​ ရာခိုင်​⁠နှုန်း​ထက်​ ⁠လျော့​နည်း​ပါက အ⁠စေ့​ (၁၀၀၀)​ ၏ အ⁠လေး​ချိန်​ တိုး​တက်​ရရှိ⁠ရေး​ လုပ်​ငန်း​တစ်​ခုတည်း​သာမက ⁠အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​ ⁠မြင့်​​မား​စွာ ရရှိ⁠ရေး​ကိုပါ ⁠ဆောင်​ရွက်​ရမည်​ ⁠ဖြစ်​ပါသည်​။   ⁠ဆောင်​ရွက်​ ရမည့်​​ လုပ်​ငန်း​များ​မှာ ⁠အောက်​ပါအတိုင်း​⁠ဖြစ်​ပါသည်​။ 
၁။ စပါး​ခွံအရွယ်​အစား​ (Hull Size)​ ⁠ကြီး​မား​လာ⁠အောင်​ ⁠ဆောင်​ရွက်​⁠ခြင်း​⁠နှင့်
၂။ စပါး​ခွံအတွင်း​ရှိ အ⁠စေ့​ (Kernel)​ ဖွံ့​⁠ဖြိုး​မှုရှိ⁠အောင်​ ⁠ဆောင်​ရွက်​⁠ခြင်း​တို့​ ⁠ဖြစ်​ပါသည်​။ 
အ⁠စေ့​(၁၀၀၀)​ အ⁠လေး​ချိန်​ တိုး​တက်​ရရှိ⁠အောင်​ ⁠ဆောင်​ရွက်​ရမည့်​​ နည်း​လမ်း​များ
⁠အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​ (Percentage of Ripened Grains)​ သည်​ (၇၅)​ ရာခိုင်​⁠နှုန်း​ထက်​ ⁠လျော့​နည်း​ပါက အ⁠စေ့​ (၁၀၀၀)​ ၏ အ⁠လေး​ချိန်​ တိုး​တက်​ရရှိ⁠ရေး​ လုပ်​ငန်း​တစ်​ခုတည်း​သာမက ⁠အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​ ⁠မြင့်​​မား​စွာ ရရှိ⁠ရေး​ကိုပါ ⁠ဆောင်​ရွက်​ရမည်​ ⁠ဖြစ်​ပါသည်​။   ⁠ဆောင်​ရွက်​ ရမည့်​​ လုပ်​ငန်း​များ​မှာ ⁠အောက်​ပါအတိုင်း​⁠ဖြစ်​ပါသည်​။ 
၁။ စပါး​ခွံအရွယ်​အစား​ (Hull Size)​ ⁠ကြီး​မား​လာ⁠အောင်​ ⁠ဆောင်​ရွက်​⁠ခြင်း​⁠နှင့်
၂။ စပါး​ခွံအတွင်း​ရှိ အ⁠စေ့​ (Kernel)​ ဖွံ့​⁠ဖြိုး​မှုရှိ⁠အောင်​ ⁠ဆောင်​ရွက်​⁠ခြင်း​တို့​ ⁠ဖြစ်​ပါသည်​။ 
မြန်​မာ့​စိုက်​ပျိုး​⁠ရေး​လုပ်​ငန်း
စပါးအထွက်နှုန်းအပေါ် ဆုံးဖြတ်ပေးသည့်မိတ်ဖက်များ
စပါးအထွက်နှုန်းအပေါ်ဆုံးဖြတ်ပေးသည့် မိတ်ဖက်လက္ခဏာများ
စပါး​စိုက်​ပျိုး​ထုတ်​လုပ်​⁠ရေး​၏ အဓိကရည်​မှန်း​ချက်​ပန်း​တိုင်​သည်​ စပါး​အထွက်​⁠နှုန်း​တိုး​တက်​⁠မြင့်​​မား​⁠ရေး​ပင်​⁠ဖြစ်​သည်​။ သို့​⁠ဖြစ်​ပါ၍ စပါး​ အထွက်​⁠နှုန်း​⁠မြင့်​​မား​⁠ရေး​ကို အဆုံး​အ⁠ဖြတ်​⁠ပေး​⁠သော အေ⁠ကြာင်း​ရင်း​များ​ကို ⁠လေ့​လာစမ်း​စစ်​ရန်​ အထူး​လိုအပ်​ပါသည်​။ စပါး​အထွက်​⁠နှုန်း​ တိုး​တက်​⁠မြင့်​​မား​⁠စေသည့်​​ အဓိကမိတ်​ဖက်​ (Yield Componeny)​ (၄)​ ရပ်​ရှိပါသည်​။
(က)​ တစ်​မီတာပတ်​လည်​အတွင်း​ရှိ အနှံအ⁠ရေအတွက်​ (Number of Panicles per m2)
(ခ)​ အ⁠နှံတစ်​⁠နှံ⁠ခြင်း​ရှိ အ⁠စေ့​အ⁠ရေအတွက်​ (Number of  Grains per Panicle)
(ဂ)​ ⁠အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​ (Percentage of Ripened Grains)​ ⁠နှင့်
(ဃ)​ အ⁠စေ့​(၁၀၀၀)​ အ⁠လေး​ချိန်​ (1000 Grain Weight)​ တို့​ ⁠ဖြစ်​ပါသည်​။ 
အနှံအရည်​အတွက်​များ​⁠စေရန်​ ⁠ဆောင်​ရွက်​ရမည့်​​  နည်း​လမ်း​များ
အနှံသည်​ ⁠ကြီး​မား​⁠ပြီး​သန်​စွမ်း​ရမည်​။ အဘယ်ေ⁠ကြာင့်​​ဆို⁠သော်​ ⁠သေး​ငယ်​⁠ပြီး​ လှီ⁠သော အနှံများ​သည်​ ⁠အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​ (Percentage of Ripened Grains)​ ကျဆင်း​⁠စေသည့်​​အ⁠ပြင်​ စပါး​ပင်​၏ ဇီဝကမ္မလုပ်​ငန်း​ပိုင်း​ကို ကျဆင်း​⁠နိုင်​⁠သောေ⁠ကြာင့်​​⁠ဖြစ်​ပါသည်​။ ထို့ေ⁠ကြာင့်​​   ⁠သေး​လှီ⁠သော ပင်​ပွား​များ​ထွက်​ရှိ မလာ⁠အောင်​ ⁠ပြုလုပ်​⁠ပေး​ရန်​ လိုအပ်​ပါသည်​။ တုတ်​ခိုင်​သန်​စွမ်း​⁠သော ပင်​ပွား​များ​ ပွား​စည်း​လာ⁠အောင်​   ⁠ဆောင်​ရွက်​ရမည့်​​ နည်း​လမ်း​(၇)​ သွယ်​ရှိပါသည်​။ 
၁။ ကျမ်း​မာသန်​စွမ်း​⁠သော ပျိုး​ပင်​ (Healthy Seedlings)​ များ​ ရရှိ⁠အောင်​ ပျိုး​⁠ထောင်​⁠ခြင်း​။ 
၃။ ⁠ကောက်​စိုက်​ရာတွင်​ (၁-၁.၅)​ လက်​မ အနက်​စိုက်​ပျိုး​⁠ခြင်း​ (Shal-low Transplanting)​။ 
၎။ ⁠ကောက်​စိုက်​⁠ပြီး​⁠နောက်​ ⁠ကောက်​ပင်​၏ အ⁠မြစ်​များ​ထိခိုက်​ပျက်​စီး​မှု မရှိ⁠အောင်​ ကာကွယ်​⁠ခြင်း​။ 
၅။ ဂရုတစိုက်​⁠ပြုစု⁠စောင့်​​⁠ရှောက်​⁠ခြင်း​ (Careful Management)​။ 
၆။ ⁠ကောက်​ကွက်​စိတ်​စိတ်​ စိုက်​ပျိုး​⁠ခြင်း​ (Narrow Spacing)​။ 
၇။ အနှံမထွက်​⁠နိုင်​⁠သော ပင်​ပွား​ (Non-bearing Tillers)​ များ​ပွား​များ​⁠ခြင်း​ နည်း​ပါး​⁠အောင်​ ⁠ဆောင်​ရွက်​⁠ခြင်း​။ 
ရည်ညွှန်း
မြန်​မာ့​စိုက်​ပျိုး​⁠ရေး​လုပ်​ငန်း
ရွှေနဂါးတော့ပ်ဝမ်း စပါးသီးသန့် အသီးအားဆေးမြေသြဇာ
ရွှေနဂါးတော့ဝမ်း မြေသြဇာသုံး
စပါးအထွက်နှုန်း အကောင်းဆုံး
ရွှေနဂါးတော့ဝမ်း စပါးသီးသန့်အသီးအားဆေးမြေသြဇာ
ရွှေနဂါးတော့ပ်ဝမ်းအသီးအားဆေးမြေသြဇာတွင်အစေ့အောင်အားဆေးပိုမိုပါဝင်သဖြင့်  အဖျင်းနည်းပြီး
အနှံပါအောင်စေ့အရေအတွက်ပိုမိုရရှိ၍ အလေးချိန်စီးကာ ၁၀% မှ ၂၀% အထိ အထွက်နှုန်းပိုစေပါသည်။
ဤမြေသြဇာသည် မှို့ကပ်ချိန်နောက်ပိုင်းကျရောက်သောမှိုရောဂါများကို အတန်အသင့်ကာကွယ်ပေးနိုင်ပါသည်။
ဤမြေသြဇာ (၂၅)ကီလိုအိတ်ကို စိုက်ပြီးကြဲပြီး (၂၅-၃၅) ရက်သားတွင် ပထမအကြိမ်နှင့် (၄၅-၅၅) ရက်သားတွင် ဒုတိယအကြိမ် တစ်အိတ်နှုန်းစီ အသုံးပြုနိုင်ပါသည်။
                                                                                                              မြန်မာ့ရွှေနဂါးကုမ္မဏီ
ရွှေနဂါးတော့ပ်ဝမ်း စပါးသီးသန့် အားဆေးမြေသြဇာ
ရွှေနဂါးတော့ပ်ဝမ်း စပါးသီးသန့် အားဆေးမြေသြဇာ
ရွှေနဂါးကုမ္မဏီမှ မြန်မာနိုင်ငံအတွင်း ပထမဦးဆုံးရွှေနဂါးတော့ပ်ဝမ်း စပါးသီးသန့်အားဆေးမြေသြဇာကိုလွန်ခဲ့သော (၁၀)နှစ်ကျော်ခန့်မှစတင်၍ ထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။သုံးစွဲဖူးသောတောင်သူများကိုယ်တိုင် မြင်တွေ့ရသည့်အတွေ့အကြုံအရ ကုန်ကျစရိတ်သက်သာခြင်း ၊စပါးတစ်ခင်းလုံးအပင်ကြီးထွားမှုညီညာခြင်းနှင့် စပါးအထွက်နှုန်းပိုမိုထွက်ရှိခြင်းတို့ကြောင့် တောင်သူဦးကြီးများ ယုံကြည်စိတ်ချစွာဖြင့် တစ်နှစ်ထက်တစ်နှစ်ထောက်ခံအားပေးသုံးစွဲခဲ့ကြပါသည်။
စပါးအစိုကြဲခင်းများ၌ နောက်ဆုံးတမန်းပြင်ပြီးချိန် (သို့) အခြောက်ကြဲခင်းများ၌ အစိုဓာတ်လုံလောက်ချိန်တွင် (၁) ဧကလျှင် ဤမြေသြဇာ (၂၅) ကီလို (၁)အိတ်နှုန်းအသုံးပြုပါ။ပျိုးထောင်စိုက်ခင်းများတွင် မြေခံ (သို့)စိုက်ပြီး (၅-၇)ရက်အတွင်း ဤမြေသြဇာကို အသုံးပြုနိုင်ပါသည်။
                                                                                                                 မြန်မာ့ရွှေနဂါးကုမ္မဏီ