သိထားသင့်သော မြေဆီလွှာအကြောင်း

မြေဆီလွှာ ဆုံးပါးမှုမရှိစေရန်နှင့် ရေလေလွင့်ပျောက်ဆုံးမှု မရှိအောင် ထိန်းသိမ်းခြင်းတို့မှာ အပြန်အလှန် မှီခိုနေပါသည်။ ရေဖြင့်မျောပါ သွား၍ အဖိုးတန် မြေဆီလွှာ ပျောက်ဆုံးရခြင်းမှာ ရွာသွန်းချလိုက်သော မိုးရေကို မြေသားက ဖမ်းဆီးစုပ်ယူမထားနိုင်လောက်အောင် ပြင်းထန်များပြားလှသောကြောင့် မြေပြင်ပေါ်အတိုင်း နိမ့်လျှောရာဘက်ဆီသို့ စီးဆင်းသွားခြင်းတွင် မျောပါသွားခြင်းဖြစ်ပါသည်။ ဤသို့ မြေမျက်နှာပြင်ပေါ်အတိုင်း မိုးရေများ စီးဆင်းသွားခြင်းကို Surface run-off ဟုခေါ်ပါသည်။
မြေမျက်နှာပြင် တစ်ခုခု ယာမြေဖြစ်စေ၊ သစ်တောမြေဖြစ်စေ၊ နှစ်ရှည်ဥယျာဉ်ခြံမြေဖြစ်စေ ဤသို့မြေ မျက်နှာပြင်ပေါ်အတိုင်း မိုးရွာသွန်း သော ရေမှာ နိမ့်ရာဘက်သို့ စီးဆင်းသွားခြင်း ဖြစ်လျှင်
(၁) ထိုမြေကွက်တွင်ရှိသော သီးနှံပင်တွေ စားသုံးရမည့် အာဟာရပစ္စည်းများ ရေနှင့်အတူ မျောပါပျောက်ဆုံးခြင်း(Soil Erosion) ဖြစ်၍
(၂) မြေအောက်တွင်ရှိသော ရေနေပြင်ညီ (Gro-und Water table) တွင် တာရှည်လှောင် ထားရမည့်ရေများ ဆုံးပါးသွားခြင်းတို့ကို တစ်ချိန်တည်း ခံစားလိုက်ရပါသည်။
မြေပြင်တစ်ခုခုသည် အနှောင့်အယှက်မရှိဘဲ သဘာဝပေါက်ပင်သစ်တောနှင့် မြက်ခြုံနွယ်တို့ဖြင့် ဖုံးလွှမ်းနေသောအခါ မည်မျှပြင်းထန် သော မိုးရေမိုးပေါက်များကျရောက်သည် ဖြစ်စေ၊ မြေသားပေါ် တိုက်ရိုက်ထိခိုက်မှုမရှိဘဲ အရွက်၊ အခက်အကိုင်း၊ ရိုးတံ၊ ပင်စည်တို့ မှ လျှောကျလာသောရေများကို သဘာဝအနေအထားအရ မွရွနေသော သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်များအပြင် အပင်အမြစ်တို့ ထိုးဝင်သော မြေသားမွမွနှင့် ပုရွက်၊ ခြ၊ တီတို့ ထိုးထွင်းထားသော အပေါက်များမှတစ်ဆင့် မြေကြီးအတွင်း ရေများစိမ့်ဝင်သွားကြရာ မြေမျက်နှာပြင်ပေါ်တွင် နိမ့်ရာဘက်သို့ လျှောဆင်းမည့် ရေပမာဏာက လျော့နည်းသွားပေမည်။
အကယ်၍ လျှောဆင်းမည့်ရေများ ရှိနေသေးလျှင်ပင် ရွက်ခြောက်၊ ကိုင်းခြောက်နှင့် ခြုံနွယ်အတားအဆီးတို့ကြောင့် ရေစီးဆင်းမှု
အရှိန်အဟုန်လျော့ကျသွားသဖြင့် အချိန်ကြန့်ကြာသည့်အလျောက် မြေသားက ရေကိုစုပ်ယူသွားမည်။ အပေါ်ယံမြေဆီလွှာလည်း ရေဖြင့် မျောပါမှု သက်သာသွားလိမ့်မည်။ မြေသြဇာဆုံးရှုံးမှုသက်သာပြီး မြေအောက်တွင် တာရှည်လှောင်ထားနိုင်မည့် မြေတွင်း ရေလွှာမှာ သိပ်ပြီးနက်သွားမည်မဟုတ်၍ မိုးရာသီမဟုတ်သော ဆောင်း နှောင်း နွေကာလတို့အတွက် အပင်အမြစ်တို့ ရေစုပ်အား အလှမ်းမီသောနေရာတွင် ရှိနေလိမ့်မည်။ ထိုမြေအောက်ရေကြောမှ ပိုလျှံသောရေသည် စိမ့်စမ်းများသို့ စီးဆင်းသွားမည်ဖြစ်ရာ ဒေသ တွင်း ရေရှားပါးမှု မရှိနိုင်တော့ပေ။

သစ်ပင် အကွယ်အကာမဲ့သော သို့မဟုတ် ပါးလျားသောမြေပြင်တွင် ရေတိုက် စားမှုစတင်ဖြစ်သော အခြေအနေများတွင် အဆင့်ဆင့် ဖြစ်ပေါ်တတ်ပါသည်။ ပထမအဆင့်တွင် ပြင်ညီတိုက်စားမှု Sheet Erosion ဟုခေါ်သော အပေါ်ယံလွှာကလေးကို ခွာချသွားသော တိုက်စားမှုဖြစ်ရာ တော်တော်တန်တန် အတွေ့အကြုံ၊ အသိဥာဏ်ရှိရုံဖြင့် သတိမထားနိုင်ပေ။ မြေမျက်နှာပြင် အတော်အတန် ညီညာ သည်ဟု ထင်ရသော မြေသားတွင် မသိမသာ လျှောနေသောဘက်သို့ မိုးရွာသွန်းသောရေများ လျှောကျခြင်းဖြင့် အပေါ်ယံ အပင် အာဟာရဆောင် မြေမှုန်မြေမွှားများကို တိုက်စားသွားခြင်းဖြစ်သည်။ ဤအဆင့်မှသည် မိုးရေမိုးပေါက် ခပ်ပြင်းပြင်း ခံစားရသော နေရာ ကွက်ပြီး အစင်းကြောင်း ကလေးများ၊ ကြိုးစတစ်ခုချထားသည့် အနေအထားအတိုင်းလိုက်ပြီး ရေစီးကြောင်း ငယ်ကလေးတွေ ကွက်၍ သော်လည်းကောင်း၊ ပြတ်တောင်းပြတ် တောင်းသော်လည်းကောင်း စီးဆင်းနေသော ရေစီးကြောင်းငယ်များ ဖြစ်လာတတ်သည်။ ထိုအခြေအနေကို မြေဆီလွှာထိန်း သိမ်းရေးပညာရှင် (Soil conservationist) တွေက Rill or Shoestring Erosion ဟုတင်စား သမုတ် ထားပါသည်။
အကယ်၍ အထက်ပါရေစီးကြောင်းငယ်များဖြစ်သော နေရာများတွင် နောက်ထပ်စီးလာသော ရေအဟုန် ပြင်းထန်လာ၍ သော်လည်း ကောင်း မိုးပေါက်ကကြီးမားပြီး အရှိန်အဟုန်ပြင်းပြင်း ဆက်ကာဆက်ကာ ကျလာခြင်းကြောင့် ရေစီးကြောင်းကို ပို၍နက်သွားအောင်၊ ကျယ်သွားအောင် အားပြင်းလာလျှင် (ချောက်လိုက်တိုက်စားမှု Gully Erosion) စတင်ဖြစ်ပွားတော့သည်။
ဤသို့ ချောက်လိုက်တိုက်စားမှုသည် တောင်စောင်းကို ကန့်လန့်မဖြတ်ဘဲ အထက်အောက် ထယ်ထိုးထားသော ထယ်ကြောင်း၊ လှည်းလမ်းကြောင်း၊ လူနှင့် ကျွဲနွားတွေ အကြိမ်ကြိမ် ကူးသွားရာလမ်းများ အတိုင်းလည်း ဖြစ်သွားနိုင်ပါသည်။ မိုးရေ စီးဆင်းမှုသည် ချောက်လိုက်တိုက်စားမှု Gully Erosion ဖြစ်ပြီးသွား၍ မတားဆီးမကာကွယ်ခဲ့လျှင် ထိုစတင်ဖြစ်ပေါ်ရာအမြင့်ပိုင်း တောင်စောင်း တွင် သော်လည်းကောင်း၊ ယာမြေအမြင့်ဘက်မှာသော်လည်းကောင်း ရေတံခွန်ငယ်လို အပေါ်အောက်လျှောဆင်း၊ ယိုကျသော တိုက်စားမှု Small water fall မှသည် Head Erosion ခေါ်သော တိုက်စားမှုစကာ အထက်ဘက်ရှိ ရေစီးကြောင်း ချောက်ကမ်းပါးများ ပြိုကျကာ အောက်ခြေတွေ ရေစားပြီး အပေါ်ဘက်ကမ်းပါးတွေ ပြိုကျလာတတ်ပါသည်။
ထိုမှတစ်ဆင့် မြေပြိုမှုတွေ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်တတ်ပါသည်။ ရေတိုက်စားမှုကို ဖြစ်ပေါ်စေသော နောက်ခံအကြောင်းရင်းများတွင်
(၁) ရွာသွန်းသောမိုးပမာဏ၊ ရွာသွန်းမှု ဖြန့်ကျက်ပုံ၊ ပြင်းအား
(၂) မြေပြင်အနိမ့်အမြင့် ဆင်ခြေလျှောမှုနှင့် မျက်နှာပြင် ဖွဲ့စည်းပုံ
(၃) မြေပြင်ပေါ်တွင် သစ်ပင်ခြုံနွယ်မြက်များ ပေါက်ရောက်မှုအနည်းအများ၊ အထူအပါး၊
(၄) မြေပြင်မြေသားဖွဲ့စည်းပုံနှင့် မြေဆီသြဇာကြွယ်ဝမှု ညံ့ဖျင်းမှု
(၅) ထိုမြေကို အသုံးချပုံ စိုက်ပျိုးရေးစနစ် စသည်တို့ အပေါ်မူတည်၍ ရေတိုက်စားခံရမှု လျော့နည်းသက်သာခြင်း၊ ဆိုးရွားစွာ ခံစားရခြင်း များဖြစ်ပေါ်နိုင်ပါသည်။ မိုးရွာသွန်းမှုများ ပြားပြင်းထန်၍ အချိန်တိုတိုအတွင်း များများရွာချလျှင် ရေတိုက်စားမှုကို များများခံရမှာဖြစ်ပါသည်။

ထရီနီဒတ် (Trinidad- အနောက်အိန္ဒိယကျွန်းစု ဗြိတိသျှပိုင်) ရှိ မိုးရေချိန်တိုင်းတာရေးစခန်း ၁၀ ခုတွင် မိုးရွာသွန်းမှုပြင်းအားကို
လေ့လာခဲ့ရာ တစ်နာရီအတွင်း မိုးရေချိန်သုံးလက်မကျော်ကျော် ရွာသွန်းမှုကို မှတ်တမ်းရခဲ့ဖူးသည်။ ထိုရွာသွန်းပုံမှာလည်း ကွဲပြားသေး သည်။ စခန်းငါးခုတွင် တစ်နာရီအတွင်း ၄ ဒသမ ၇ လက်မကျော်ရွာသော စခန်းများရှိခဲ့သည်ဟုဆိုသည်။ ပြင်းပြင်းထန်ထန် ရွာသွန်း သော မိုးရေပေါက် (Rain drops) များသည် မြေမျက်နှာပြင်ကို တိုက်ရိုက်ထိမှန်ရာ မြေစိုင်ခဲငယ်များကို ကွဲကြေစေသည်။ အတုံးအခဲ အငယ်အဖြစ် သဘာဝအစေးဓာတ် (Colloi-ds) များဖြင့် ဖွဲ့ထားသော (Aggre- gates) များကို ပြိုကွဲသွားစေသည်။

အလွန်သေးမွှားသော အမှုန်အမွှားများ ဖြစ်သွားစေကာ မြေဆီလွှာမျက်နှာပြင်မှာ သဘာဝအတိုင်းဖြစ်ပေါ်နေသော ရေပေါက်၊ လေပေါက် (လူတွင်ရှိသော ချွေးပေါက်လို အပေါက်များ)ကို ပိတ်ဆို့သွားစေကာ ရွာချသောမိုးရေကို မြေလွှာအတွင်းဘက်သို့ စီးဝင်မှု မဖြစ်စေဘဲ မျက်နှာပြင်အလိုက်စီးဆင်းသွားစေသော (Surface run-off) ကိုဖြစ်စေပါသည်။ အချို့ကို အနည်းငယ်ကျယ်သောခြပေါက် ၊ တီကျစ်စာပေါက်၊ အမြစ်ဆွေးပေါက်တွေထဲသို့ ရေနောက်များ စီးဝင်သွားရာ ပါသွားသော နုန်းအနယ်များ ထပ်မံပိတ်ဆို့သွားသဖြင့် မိုးရေများသည် မြေအောက်သို့ စီးဝင်ခြင်းမရှိတော့ဘဲ မျက်နှာပြင်စီးဆင်းသည့် အခြေမှ Sheet Erosion ကို အရှိန်မြှင့်ပေးသလို ဖြစ်စေ ပါသည်။
မြေပြင်ကို ဘာမျှအကာအကွယ်မထားဘဲ သဘာဝအတိုင်း မိုးရွာသွန်းမှုအောက်မှာ ထားခြင်းထက် တစ်စုံတစ်ခု အကာအကွယ်
ပေးထားလျှင် ရေတိုက်စားမှု သက်သာနိုင်သည်ကို တွေ့ရပါသည်။ သုတေသီ (Hudson-1957) က မြေမျက်နှာပြင် ဆင်ခြေလျှော ရာခိုင်နှုန်း ၄ ဒသမ ၅ ရှိသော မြေပြင် (မြေပြင် ဆင်ခြေလျှော အလျားပေ ၁၀၀ ရှိတိုင်း ပြင်ညီအောက် ၄ ဒသမ ၅ ပေ နိမ့်လျှင် ၎
ဒသမ ၅ ရာခိုင်နှုန်း ဆင်ခြေလျောဟု ခေါ်သည်) ကိုအောက်ပါအခြေအနေများဖြစ်အောင် ဖန်တီးစမ်းသပ်ခဲ့ပါသည်။

(၁) အစဉ်အမြဲထူထပ်စွာ မြက်များပေါက်နေသော မြေကွက် ၎င်းမြေကွက်မှာ မျက်နှာပြင် ဖြတ်ဆင်းရေ run-off သက်သာ စေရန် ရည်ရွယ် လုပ်ဆောင်သည်။
(၂) ခြင်လုံဆန်ကာနှစ်ထပ်ကို ခြောက်လက်မခြားထားသော ဘောင်နှစ်ခုဖြင့် အကာအကွယ်မရှိသော မြေပြင်မှာချထားသည်။
(၃) မည်သည့်အကာအကွယ်မျှ ပေးမထားသော မြေပြင်သီးသန့်ထားသည်။ သုံးနှစ်ကြာ စမ်းသပ်ပြီးသောအခါ အကာအကွယ်မဲ့ မြေသားသက်သက် မြေကွက်မှ မြေဆီလွှာ မြေမှုန်မြေမွှားဆုံးရှုံးမှုမှာ တစ်ဧက တန် ၃၅၀ ရှိသည်။ မြက်ထူထူစိုက်ထားသော အကွက်က တစ်ဧကလျှင် မြေ ဆီလွှာ ဆုံးရှုံးမှုမှာ ၃ ဒသမ ၃ တန် ရှိသည်။

ခြင်လုံဆန်ကာအုပ်ထားသော အကွက်က တစ်ဧကလျှင် မြေဆီလွှာသုံးတန် ဆုံးရှုံးကြောင်း တွေ့ရသည်ဟုဆိုသည်။ မြေဆီလွှာ
ရေတိုက်စားခံရမှုသည် မိုးရွာလိုက်၊ နွေပိုင်း မိုးမရွာဘဲ လအတန်ကြာကြာနေလိုက် ဖြစ်သောဒေသများတွင် ပို၍ခံစားရတတ်သည်။
အပူပိုင်းဒေသ (Tro- pical region) ဟုခေါ်သော အီကွေတာ၏ မြောက်ဘက် ၂၀ ဒီဂရီ နှင့် တောင်ဘက် ၂၀ ဒီဂရီကြား ဒေသတွေ
မှာ ရေတိုက်စားခံရမှု အများဆုံးဖြစ်သည်။ သမပိုင်း၊ အအေးပိုင်းဒေသများတွင် မိုးနှင်းနှင့် ရေခဲပြင် အလှည့်ကျရှိနေ၍ ရေတိုက်စားမှု
သက်သာသည်။ မြေပြင်သည် ဆင်ခြေလျှောဖြစ်တာခြင်းတူလျှင် ပိုမို ပြောင်ချောနေသော ဆင်ခြေလျှောမြေပြင် ရေစီးဆင်းမှုမှာ သာမန် မြက်သစ်ပင်အနည်းငယ်ရှိသော မြေပြင်ထက် ရေစီးဆင်းမှုအရှိန်ဟာ လေးဆလောက်မြန်သည်ဟု ဆိုသည်။

အကယ်၍ ဆင်ခြေလျှောမြေသားပင်ဖြစ်လင့်ကစား အတွင်းဘက်မြေလွှာမှာ အစိုဓာတ်ရှိမှု၊ ဆင်ခြေလျှောရှည်လျားမှု တိုတောင်းမှု၊
ပိုရှည်လေ မြေဆီလွှာဆုံးရှုံးမှုများလေဖြစ်သည်။ အကယ်၍ စီးရေမှာ သဲနုန်းပါလာလျှင် တိုက်စားမှုပိုများပိုမြန်သည်။ မျက်နှာပြင်ကြမ်းတမ်း လျှင် ဥပမာ နွေထယ်ရေးကျန်များနှင့် နှမ်းရိုး၊ ပဲရိုး၊ ဂျုံရိုး၊ ပဲစင်းငုံရိုးတွေ ကျန်နေသော မြေပြင်မှာ ရေဖြတ်ဆင်းမှု နှေးကွေးစေသည်။ တိုက်စားခံရမှု သက်သာစေသည်။ ရေစီးကို ဟန့်နိုင် တန့်နိုင် နှေးကွေးစေသော ကျောက်ခဲ၊ ကျောက်တုံး ကန်သင်းရိုးရှိပါက ရေဟုန် တန့်ပြီး မြေတွင်းကို စိမ့်ဝင်ဖို့ အချိန်ပေးသလို ဖြစ်စေနိုင်ပါသည်။

မြေပြင်ပေါ်တွင် သဘာဝပေါက်သော သစ်တောသစ်ပင်၊ မြက်ခြုံပင်၊ စိုက်ပျိုးပင် ၏ အကြွင်းအကျန်၊ အငုတ်၊ လမိုင်းပင် (၀ါပင်၏ အတက် များ၊ နှံစားပြောင်းတက်များ၊ ပဲကြီး၊ ငြုပ်ပင်ဟောင်း၏ အတက်များ) သည်လည်း ရေစီးဆင်းမှုကို နှေးကွေးစေ နိုင်သလို မြေတွင်းရေ စိမ့်ဝင်မှုကို အားပေးပါသည်။ သစ်ပင်၊ သစ်ရွက်၊ ခြုံနွယ်တို့ပေါ်မှ တစ်ဆင့်ကျသော မိုးရေသည်ပြင်းအား လျော့သွား၍ မြေမှစုပ်ယူမှု ကို ခံရနိုင်သည်။ မြေတွင်းရောက်သွားဖို့ အခွင့်အလမ်းရှိသည်။ အေးသောဆောင်းရာသီမှာ ကျတတ်သော နှင်းခဲနှင်းဖွဲတွေသည်လည်း မိုးပြင်းကိုခံနိုင်စွမ်းရှိပါသည်။ ပဲစင်းငုံခင်းကျွတ်၊ ၀ါကြီးခင်းကျွတ်၊ ငြုပ်ခင်းကျွတ်မှာ သေဆုံးသွားသော အမြစ်တွေနေရာမှ ရေစိမ့်ဝင် သွားစေသဖြင့် ရေတိုက်စားမှု သက်သာစေ သည်။
သို့သော်လည်း အချို့ဒေသတွင် လွှတ်ကျောင်းတိရစ္ဆာန်အုပ်တွေများလွန်း၍ မြေ ပြင်ခွာနင်းရာတွေများလွန်းလျှင် မိုးပြင်း ဒဏ်မခံနိုင်ဘဲ ရေတိုက်စားမှုများစေမြန် စေပါသည်။ သီးနှံစိုက်ပျိုးသော စနစ်နှင့် သီးနှံပင် အမျိုးအစားအလိုက် ရေတိုက်စားမှု ခံစားရမှု အပြင်းအပျော့လည်း ကွာခြားနိုင် သည်။ ဥပမာအားဖြင့် ခြံတည်နှစ်ကြာပြီဖြစ်သော ကော်ဖီခြံများတွင် အရိပ်ပင်ပါတွဲ စိုက်တတ်ကြရာ ဘောစကိုင်း၊ ခါတော်မှီပင် များအရွယ်ရောက်အုပ်မိုး ကာဆိုင်း ဖြစ်လာလျှင်မိုးပြင်းဒဏ် ခံနိုင်ရည်ရှိပါသည်။ ရေတိုက်စားမှုကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ပါသည်။ သို့သော်လည်း စိုက်ပြီးကာစ ရာဘာ ခြံများသည် ရေတိုက်စားမှုလွယ်လွယ်ကူကူ ခံစားရတတ်
သည်။
အစေးခြစ်နေပြီဖြစ် သော ရာဘာခြံများမှာ ရေတိုက်စားခံရမှု သက်သာစပြုနေပါပြီ သို့ဖြစ်၍ ရာဘာ ခြံမစိုက်မီကပင် ကြိုတင်၍ ကြားမြေလပ် များကို ဖြစ်နိုင်လျှင် ခုတ်ထွင်ရှင်းလင်းခြင်း မပြုသင့်ပေ၊ ခုတ်ထွင်ရှင်းလင်းပြီးပါက လည်း လောဘအရ ကြားသီးနှံများ အလျင် အမြန်မစိုက်ဘဲ နှစ်ရှည်ထားလို့ရသော အပင်များ ပဲစင်းငုံ၊ ညံပင်၊ ရေသကျည်းပင်များ စိုက်ထားသင့်သည်။ ရာဘာပင်က အရွက် တွေဝေကာမှ အရိပ်မိုးကာဆိုင်းဖြစ်လာမှ ကြားသီးနှံကို စိတ်ကြိုက်ပြုပြင်စိုက်သင့်သည်။

ရှောက်၊ လိမ္မော်၊ အုန်းနှင့် ဆီအုန်းခြံ များသည် မူလသီးနှံပင်များ၏ အရွက်အခက်အကိုင်းများက မြေပြင်ကို လုံလောက် အောင် မိုးပြင်း၊ လေပြင်းဒဏ်ကို မကာကွယ် နိုင်ပါ။ ကြားသီးနှံပင်များဖြင့် မြေပြင်ကို ကာကွယ်ပေးထားသင့်သည်။ စိုက်တန်းစိုက်ကျင်းကိုလည်း ကွန်တိုလိုင်းပြင် ညီကောက်ကြောင်း (Contour level) အတိုင်း စိုက်သင့်သည်။ အမြင်လှအောင် အတန်း လိုက်မစိုက်ဘဲရေစီးရေလာထိန်းကျောင်း နိုင်အောင် စိုက်သင့်သည်။
နှစ်ခြင်းစားသီးနှံ သို့မဟုတ် ကာလ မကြာစေဘဲ တစ်နှစ်သား နှစ်နှစ်သားလောက်သာ စောင့်ရ မည့်သီးနှံများဖြစ်သော
နာနတ်လျှော် (Sisal)
နာနတ် (Pineapple) တို့သည်
မြေကြီးကို လုံခြုံအောင် အကာ
အကွယ် မပေးနိုင်ကြပါ။ သူတို့ကို လည်း ပြင်ညီကောက်ကြောင်း (Contour Line) အတိုင်း စိုက်သင့်ပါသည်။
နာနတ်လျှော် (Sisal)
နာနတ် (Pineapple) တို့သည်
မြေကြီးကို လုံခြုံအောင် အကာ
အကွယ် မပေးနိုင်ကြပါ။ သူတို့ကို လည်း ပြင်ညီကောက်ကြောင်း (Contour Line) အတိုင်း စိုက်သင့်ပါသည်။
နှစ်ရှည်သီးနှံများဖြစ်သော
ရာဘာ၊
ဆီအုန်း၊
အုန်း၊
ကော်ဖီ၊
လဘက်၊
ရှောက်၊
လိမ္မော်တို့သည် ရေတိုက်စားမှုကို အနည်းနှင့်အများအနှေးနှင့်အမြန် ခံစားစေနိုင် သော သီးနှံများဖြစ်ရုံမျှမက ဒေသခံများ၏ မူလလုပ်ကွက်များကို ရယူပြီး မူလလက်ငုတ်များ မြေယာလက်လွတ်လည်းဖြစ်စေ တတ်သော သဘောကိုဆောင်နေကြောင်း ယခု အာရှ ဒေသဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရင်းနှီး မြုပ်နှံအားပေး
သည့် တံခါးဖွင့်စနစ်အရ နိုင်ငံတော်၏ မူလအမျိုးသားတိုင်းရင်းသား တို့၏ လူမှုစီးပွားဘ၀ကိုပါ ထိခိုက်စေနိုင်ပြီး ရေရှည်လည်း နိုင်ငံအမွေအနှစ်ဖြစ်သည့် မြေ၊ ရေ၊ ဆုံးပါးစေနိုင်ကြောင်း လေ့လာထား သင့်ပါကြောင်း တင်ပြအပ်ပါသည်။