Myanma Shwe Nagar
htto://www.mobile.facebook.com/myanmashwenagar.blogspot.com/
Thursday, January 26, 2017
စပါးအထွက်နှုန်းအပေါ် ဆုံးဖြတ်ပေးသည့်မိတ်ဖက်များ
စပါးအထွက်နှုန်းအပေါ်ဆုံးဖြတ်ပေးသည့် မိတ်ဖက်လက္ခဏာများ
စပါး​စိုက်​ပျိုး​ထုတ်​လုပ်​⁠ရေး​၏ အဓိကရည်​မှန်း​ချက်​ပန်း​တိုင်​သည်​ စပါး​အထွက်​⁠နှုန်း​တိုး​တက်​⁠မြင့်​​မား​⁠ရေး​ပင်​⁠ဖြစ်​သည်​။ သို့​⁠ဖြစ်​ပါ၍ စပါး​ အထွက်​⁠နှုန်း​⁠မြင့်​​မား​⁠ရေး​ကို အဆုံး​အ⁠ဖြတ်​⁠ပေး​⁠သော အေ⁠ကြာင်း​ရင်း​များ​ကို ⁠လေ့​လာစမ်း​စစ်​ရန်​ အထူး​လိုအပ်​ပါသည်​။ စပါး​အထွက်​⁠နှုန်း​ တိုး​တက်​⁠မြင့်​​မား​⁠စေသည့်​​ အဓိကမိတ်​ဖက်​ (Yield Componeny)​ (၄)​ ရပ်​ရှိပါသည်​။
(က)​ တစ်​မီတာပတ်​လည်​အတွင်း​ရှိ အနှံအ⁠ရေအတွက်​ (Number of Panicles per m2)
(ခ)​ အ⁠နှံတစ်​⁠နှံ⁠ခြင်း​ရှိ အ⁠စေ့​အ⁠ရေအတွက်​ (Number of  Grains per Panicle)
(ဂ)​ ⁠အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​ (Percentage of Ripened Grains)​ ⁠နှင့်
(ဃ)​ အ⁠စေ့​(၁၀၀၀)​ အ⁠လေး​ချိန်​ (1000 Grain Weight)​ တို့​ ⁠ဖြစ်​ပါသည်​။ 
အနှံအရည်​အတွက်​များ​⁠စေရန်​ ⁠ဆောင်​ရွက်​ရမည့်​​  နည်း​လမ်း​များ
အနှံသည်​ ⁠ကြီး​မား​⁠ပြီး​သန်​စွမ်း​ရမည်​။ အဘယ်ေ⁠ကြာင့်​​ဆို⁠သော်​ ⁠သေး​ငယ်​⁠ပြီး​ လှီ⁠သော အနှံများ​သည်​ ⁠အောင်​⁠စေ့​ရာခိုင်​⁠နှုန်း​ (Percentage of Ripened Grains)​ ကျဆင်း​⁠စေသည့်​​အ⁠ပြင်​ စပါး​ပင်​၏ ဇီဝကမ္မလုပ်​ငန်း​ပိုင်း​ကို ကျဆင်း​⁠နိုင်​⁠သောေ⁠ကြာင့်​​⁠ဖြစ်​ပါသည်​။ ထို့ေ⁠ကြာင့်​​   ⁠သေး​လှီ⁠သော ပင်​ပွား​များ​ထွက်​ရှိ မလာ⁠အောင်​ ⁠ပြုလုပ်​⁠ပေး​ရန်​ လိုအပ်​ပါသည်​။ တုတ်​ခိုင်​သန်​စွမ်း​⁠သော ပင်​ပွား​များ​ ပွား​စည်း​လာ⁠အောင်​   ⁠ဆောင်​ရွက်​ရမည့်​​ နည်း​လမ်း​(၇)​ သွယ်​ရှိပါသည်​။ 
၁။ ကျမ်း​မာသန်​စွမ်း​⁠သော ပျိုး​ပင်​ (Healthy Seedlings)​ များ​ ရရှိ⁠အောင်​ ပျိုး​⁠ထောင်​⁠ခြင်း​။ 
၃။ ⁠ကောက်​စိုက်​ရာတွင်​ (၁-၁.၅)​ လက်​မ အနက်​စိုက်​ပျိုး​⁠ခြင်း​ (Shal-low Transplanting)​။ 
၎။ ⁠ကောက်​စိုက်​⁠ပြီး​⁠နောက်​ ⁠ကောက်​ပင်​၏ အ⁠မြစ်​များ​ထိခိုက်​ပျက်​စီး​မှု မရှိ⁠အောင်​ ကာကွယ်​⁠ခြင်း​။ 
၅။ ဂရုတစိုက်​⁠ပြုစု⁠စောင့်​​⁠ရှောက်​⁠ခြင်း​ (Careful Management)​။ 
၆။ ⁠ကောက်​ကွက်​စိတ်​စိတ်​ စိုက်​ပျိုး​⁠ခြင်း​ (Narrow Spacing)​။ 
၇။ အနှံမထွက်​⁠နိုင်​⁠သော ပင်​ပွား​ (Non-bearing Tillers)​ များ​ပွား​များ​⁠ခြင်း​ နည်း​ပါး​⁠အောင်​ ⁠ဆောင်​ရွက်​⁠ခြင်း​။ 
ရည်ညွှန်း
မြန်​မာ့​စိုက်​ပျိုး​⁠ရေး​လုပ်​ငန်း
No comments: