၁။ စပါးရွက်ဖုံးခြောက်ရောဂါ (Sheath blight)
ရောဂါလက္ခဏာ
ရောဂါကွက်သည် ရေမျက်နှာပြင်အထက် ရွက်ဖုံးပေါ်တွင် စိမ်းညိုရောင်ဘဲဥပုံ၊ လုံးရှည်ပုံရောဂါကွက်များ စတင်ဖြစ်ပေါ်သည်။ ရောဂါပြင်းထန်ပါက လျှင်မြန်စွာ ကျယ်ပြန့်လာပြီး ညိုနက်ရောင်အနားသတ်ရှိသော မီးခိုးရောင် ပုံမမှန်အနာကွက်ကြီးများ ဖြစ်ပေါ်လာ သည်။ ရွက်ဖုံးများ လုံးဝပုပ်သွားနိုင်သည်။
ရောဂါကုးစက်ပျံ့နှံြု့ခင်း
လယ်စပါး၊ ယာစပါးအားလုံးကျရောက်နိုင်သည်။ အပင်စိပ်ခြင်း၊ ပုလဲမြေသြဇာများပြားစွာ ထည့်ခြင်း အပူချိန်မြင့်မားခြင်း၊ စိုထိုင်းစများခြင်း တို့သည် ရောဂါကို ပိုမိုဆိုးရွားစေသည်။ မုန်ညှင့်စေ့ခန့်အနက် ရောင်မှိုမျှင်လုံးငယ်များ ရေတွင်မျှောပါပြီး တစ်ခင်းမှတစ်ခင်းသို့ ကူးစက်နိုင် သည်။
ကာကွယ်နှိမ်နင်းနည်း
- အပင်စိပ်စိပ် စိုက်ခြင်းကိုရှောင်ပါ။
- ပေါင်းမြက်များ၊ ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ပါ။
- ပုလဲဓာတ်မြေသြဇာတစ်မျိုးတည်း လွန်ကဲစွာ မထည့်ပါနဲ့။
No comments:
Post a Comment